Sunday, January 3, 2010

အချော့တော်

မျက်လုံမှိတ်လည်း
တိတ်ဆိတ်သံစဉ်
သူ့ရင်ခွင်မှာ
ရင်ခုန်သံနှိုး
သည်တန်ခိုးကြောင့်
ခဏခဏ နိုးနေတယ်

မောင်လှမျိုး (ခြင်းချောင်းခြံ)

ချစ်သူဆိုတာ

ချစ်သူဆိုတာ......
ဘယ်ကိုသွားသွား၊ ဘယ်နားနေနေ
ဘာတွေလုပ်လုပ်
သူ့ ကနုတ်ပန်း၊ ရင်ထဲလန်းလျက်
သူ့ အရုပ်လေး၊ ရင်ထဲနွေးလျက်
မတွေ့ ဘဲလည်း မြင်တတ်တယ်
မနမ်းဘဲလည်း လွမ်းတတ်တယ်
မငြိစွန်းပဲ ခင်တွယ်တယ်။
တမျှော်တငေး၊ အနေဝေးလည်း.....
အတွေးလေးနဲ့  ဆွေးရဲတယ်.....။

မောင်စိန်ဝင်း (ပုတီးကုန်း)

နွေနတ်သမီး

တဒင်္ဂ ဆုံလိုက်ရတဲ့
အချိန်လေးမှာ......
ချစ်သူမျက်နှာဟာ
နေထိပန်းလို နွမ်းနေတဲ့
လွမ်းသူရဲ့ ရာစုထဲက
နှစ်..... လ...... ရက်........ တွေကို
ပြိုပျက်စေခဲ့တယ်......
မင်္ဂလာပါ ချစ်သူ
ဒီကမ္ဘာမှာ အလိုချင်ဆုံး ဆန္ဒက
ချစ်သူမျက်နှာ
လှလှလေးသာဖြစ်တယ်.......

မောင်လှမျိုး (ခြင်းချောင်းခြံ)

မင်းနဲ့ ပတ်သက်လာခဲ့ရင်

ငါဟာမလှပါဘူး
ဒါပေမဲ့ငါ့ရဲ့စိတ်ဓါတ်ဟာဖြူစင်ပါတယ်
ငါဟာမချမ်းသာပါဘူး
ဒါပေမဲ့ငါ့အချစ်တွေနဲ့ မင်းကိုပျော်အောင်ထားနိုင်ပါတယ်
ငါဟာအတ္တမကြီးပါဘူး
ဒါပေမဲ့မင်းကိုတော့တစ်သက်လုံးပိုင်ဆိုင်ချင်တယ်
ငါဟာမနုံအပါဘူး
ဒါပေမဲ့မင်းကိုချစ်လို့မသိဟန်ဆောင်ခဲ့တာတွေပါ
ငါဟာအရမ်းချစ်တတ်တယ်လို့မပြောချင်ပါဘူး
ဒါပေမဲ့ငါ့အသက်ထက်မင်းကိုပိုချစ်ပါတယ်
ငါဟာဘ၀အတွက်အေးချမ်းစွာနေချင်တဲ့သူပါ
ဒါပေမဲ့မင်းအတွက်ပူလောင်ခြင်းတွေပိုင်ဆိုင်နေတယ်
ငါဟာသွေးကြောင်တာကိုမကြိုက်တဲ့သူတစ်ယောက်ပါ
ဒါပေမဲ့အခုငါကိုယ်တိုင်မင်းနဲ့ပက်သက်ရင်သွေးကြောင်တတ်နေပြီ
ငါဟာမုသားပြောတတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး
ဒါပေမဲ့မင်းအလိုကျငါမုသားသုံးတတ်နေပြီ
ငါဟာလူသားအချင်းချင်းမမုန်းတတ်ပါဘူး
ဒါပေမဲ့မင်းနဲ့ပက်သက်လာရင်လူတွေကိုငါမုန်းတတ်နေပြီ
ငါဟာအရာရာကိုပေါ့ပေါ့လေးတွေးတတ်ခဲ့တယ်
ဒါပေမဲ့မင်းနဲ့ပက်သက်ရင်ငါရင်ထဲမှာလေးနက်ခြင်းတွေရှိနေတယ်
ငါဟာကံကြမ္မာရက်စက်မှာကိုမစိုးရွံ့တတ်သူပါ
ဒါပေမဲ့မင်းနဲ့ပက်သက်ရင်ကံကြမ္မာကိုစိုးရွံ့တတ်နေပြီ
ငါဟာလူတစ်ယောက်ကိုမချည်နှောင်တတ်ပါဘူး
ဒါပေမဲ့မင်းကိုငါချည်နှောင်ချင်နေတယ် မင်းငါနဲ့အဝေးဆုံးကိုပြေးထွက်သွားမှာစိုးလို့ပါ
ငါဟာသေခြင်းတရားကိုသင်္ခါရလို့သဘောထားနိုင်ပါတယ်
ဒါပေမဲ့မင်းနဲ့ခြွဲပီးသေရမှာကိုတော့ငါကြောက်မိတယ်။

မှတ်ချက် ။ သူများရေးထားတာလေးပါ

ဘယ်သူသိနိုင်မှာလဲ

နင်မရှိရင်အသက်ဆက်မရှင်ဘူးလို့ 
ရုပ်ရုင်တွေထဲကလို
ငါမကြွေးကြော်တတ်ပေမဲ့ 
နင်မရှိရင်င့ါမျှော်လင့်ချက်တွေ
ပျောက်ဆုံးနေတတ်တာ
နင်မရှိရင်ငါမနေနိုင်ဘူးလို့ 
ပုံပြင်တွေထဲကလို
ငါမပြောတတ်ခဲ့ပေမဲ့ 
နင်မရှိရင်ငါ့နေ့ ရက်တွေအသက်မဲ့ နေခဲ့ တာ
နင်နဲ့ ဝေးရင်ငါသေမှာပဲလို့ 
သူများတွေလိုမိုက်ရှုးရဲဆန်ဆန်
ငါမပြောတတ်ပေမဲ့ 
နင်နဲ့ ဝေးရင်င့ါရင်ခုန်သံတွေ
ရပ်တန့် နေခဲ့ တာတွေ
ဒါတွေအားလုံးဘယ်သူသိနိုင်မှာလဲချစ်သူရယ်...

မှတ်ချက် ။ သူများရေးထားတာလေးပါ

အဝေးကချစ်သူ

ဖုံးကွယ်ထားတဲ့ဝေးကွာခြင်းရဲ့ 
အမှောင်ထုကို
ထွင်းဖောက်ကာရယ်လာခဲ့ချင်တယ်
သို့ ပေမဲ့လည်း
အခြေနေရယ်မပေးသေးတာမို့
အဝေးကနေပဲလွမ်းနေရအုံးမယ်ချစ်သူရယ်

ဘဝ

တစ်ခါတစ်ရံဘ၀ဆိုတာ
ဖရီးဝှီးချော်နေတဲ့စက်ဘီးတစ်စီးကို
နင်းနေရသလိုမျိုးဖြစ်နေတတ်တယ်
အမြင့်ပျံတဲ့ငှက်မုန်တိုင်းကိုမကြောက်သလို
ရည်မှန်းချက်ကြီးတဲ့သူ
လောကဓံကိုမကြောက်ရဘူး
တစ်ခါတစ်လေသစ်ပင်ကငြိမ်ချင်ပေမဲ့ 
လေကမငြိမ်တော့ခက်တယ်
အရည်သွေးကောင်းတဲ့ကျောက်
စောင့်ရှောက်ဖို့ ခက်သလို
သိပ်တော်နေတဲ့သူကိုလည်း
ထိန်းချုပ်ရခက်တတ်တယ်

ကောင်းသန့် 