Monday, December 7, 2009

ခေါင်းစဉ်မပေးတတ်လို့ ပါ

သခင်.........
ရင်မှာသိုဝှက်အချစ်ငှက်
ဝန်းကျင်သိုင်းဝိုင်း
ထောက်ထားညှာခဲ့
စတေးနှလုံးကြွေကာပြုံးလို့ 
ဟန်ဆောင်အပြုံးနဲ့ 
တိမ်ညိုဖုံးတဲ့ငါ့နှလုံးသား
အဆိပ်ဆူးတွေဝန်းရံ
မာန်ပြင်းတဲ့နှင်းဆီ
လေပွေသရမ်းလို့ မြေခခဲ့ရင်
ဘယ်သူ့ ကိုအပြစ်တင်မှာလဲဟင် ???

ခေါင်းစဉ်မပေးပေးကြပါခင်ဗျာ

လှပသောအရောင်အဆင်း
သင်းပျံ့ တဲ့ရနံ့ မျိုးစုံနဲ့ 
ဝတ်မှုန်အပြည့်ရှိနေတာတောင်မှ
နမ်းရှိုက်ခွင့်မရခဲ့တဲ့ကောင်ပါဟာ
တကယ်ဆိုရင်သူငယ်ချင်းဆိုတဲ့
အဖြူရောင်စည်းလေးတစ်ခုက
ငါတို့ နှစ်ယောက်ကြားမှာ
တံတိုင်းကြီးတစ်ခုလိုကာရံထားလို့ 
ကျော်ဖြတ်သွားဖို့ လဲငါမ၀ံ့ရဲခဲ့ပါဘူးချစ်သူရယ်
သံယောဇဉ်ပန်းတစ်ပွင့်
နမ်းရှိုက်ခွင့်ကွာဝေးနေတဲ့
ဝဍ်ကြွေးလို့ ပဲဆိုပါတော့

ညီမျှခြင်း

ငွေနဲ့ဂုဏ်
တူညီတာတွေ
ညီမျှခြင်းချလို့
ဘ၀ဆိုတဲ့အဖြေကိုထုတ်နေတဲ့
အထက်တန်းလွာလူတွေထက်
ဘ၀နဲ့အချစ်
မတူညီတာတွေ
ညီမျှခြင်းချပြီး
မေတ္တာနဲ့သံယောဇဉ်အဖြေကို
ငါရှာဖွေကြည့်ချင်တယ်...