Friday, January 1, 2010

အစီရင်ခံစာ

ငါ့မိဘကလွဲရင်
မင်းကိုအရိုသေဆုံးပါ ။

ငါ့ကိုယ်ကျင့်တရားကလွဲရင်
မင်းကိုဂရုအစိုက်ဆုံးပါ ။

သေခြင်းတရားကလွဲရင်
မင်းကိုအကြောက်ဆုံးပါ ။

တရားဥပဒေကလွဲရင်
မင်းကိုအလေးစားဆုံးပါ ။

နိုင်ငံတော်ကလွဲရင်
မင်းကိုသစ္စာအရှိဆုံးပါ

ထို့အတူ...
ငါ့ကိုယ်ငါကလွဲရင်
မင်းကို အချစ်ဆုံးပါကွာ...။ ။

အလွမ်း