Sunday, January 3, 2010

နွေနတ်သမီး

တဒင်္ဂ ဆုံလိုက်ရတဲ့
အချိန်လေးမှာ......
ချစ်သူမျက်နှာဟာ
နေထိပန်းလို နွမ်းနေတဲ့
လွမ်းသူရဲ့ ရာစုထဲက
နှစ်..... လ...... ရက်........ တွေကို
ပြိုပျက်စေခဲ့တယ်......
မင်္ဂလာပါ ချစ်သူ
ဒီကမ္ဘာမှာ အလိုချင်ဆုံး ဆန္ဒက
ချစ်သူမျက်နှာ
လှလှလေးသာဖြစ်တယ်.......

မောင်လှမျိုး (ခြင်းချောင်းခြံ)

No comments:

Post a Comment