Sunday, January 3, 2010

မင်းနဲ့ ပတ်သက်လာခဲ့ရင်

ငါဟာမလှပါဘူး
ဒါပေမဲ့ငါ့ရဲ့စိတ်ဓါတ်ဟာဖြူစင်ပါတယ်
ငါဟာမချမ်းသာပါဘူး
ဒါပေမဲ့ငါ့အချစ်တွေနဲ့ မင်းကိုပျော်အောင်ထားနိုင်ပါတယ်
ငါဟာအတ္တမကြီးပါဘူး
ဒါပေမဲ့မင်းကိုတော့တစ်သက်လုံးပိုင်ဆိုင်ချင်တယ်
ငါဟာမနုံအပါဘူး
ဒါပေမဲ့မင်းကိုချစ်လို့မသိဟန်ဆောင်ခဲ့တာတွေပါ
ငါဟာအရမ်းချစ်တတ်တယ်လို့မပြောချင်ပါဘူး
ဒါပေမဲ့ငါ့အသက်ထက်မင်းကိုပိုချစ်ပါတယ်
ငါဟာဘ၀အတွက်အေးချမ်းစွာနေချင်တဲ့သူပါ
ဒါပေမဲ့မင်းအတွက်ပူလောင်ခြင်းတွေပိုင်ဆိုင်နေတယ်
ငါဟာသွေးကြောင်တာကိုမကြိုက်တဲ့သူတစ်ယောက်ပါ
ဒါပေမဲ့အခုငါကိုယ်တိုင်မင်းနဲ့ပက်သက်ရင်သွေးကြောင်တတ်နေပြီ
ငါဟာမုသားပြောတတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး
ဒါပေမဲ့မင်းအလိုကျငါမုသားသုံးတတ်နေပြီ
ငါဟာလူသားအချင်းချင်းမမုန်းတတ်ပါဘူး
ဒါပေမဲ့မင်းနဲ့ပက်သက်လာရင်လူတွေကိုငါမုန်းတတ်နေပြီ
ငါဟာအရာရာကိုပေါ့ပေါ့လေးတွေးတတ်ခဲ့တယ်
ဒါပေမဲ့မင်းနဲ့ပက်သက်ရင်ငါရင်ထဲမှာလေးနက်ခြင်းတွေရှိနေတယ်
ငါဟာကံကြမ္မာရက်စက်မှာကိုမစိုးရွံ့တတ်သူပါ
ဒါပေမဲ့မင်းနဲ့ပက်သက်ရင်ကံကြမ္မာကိုစိုးရွံ့တတ်နေပြီ
ငါဟာလူတစ်ယောက်ကိုမချည်နှောင်တတ်ပါဘူး
ဒါပေမဲ့မင်းကိုငါချည်နှောင်ချင်နေတယ် မင်းငါနဲ့အဝေးဆုံးကိုပြေးထွက်သွားမှာစိုးလို့ပါ
ငါဟာသေခြင်းတရားကိုသင်္ခါရလို့သဘောထားနိုင်ပါတယ်
ဒါပေမဲ့မင်းနဲ့ခြွဲပီးသေရမှာကိုတော့ငါကြောက်မိတယ်။

မှတ်ချက် ။ သူများရေးထားတာလေးပါ

No comments:

Post a Comment