Sunday, January 3, 2010

ချစ်သူဆိုတာ

ချစ်သူဆိုတာ......
ဘယ်ကိုသွားသွား၊ ဘယ်နားနေနေ
ဘာတွေလုပ်လုပ်
သူ့ ကနုတ်ပန်း၊ ရင်ထဲလန်းလျက်
သူ့ အရုပ်လေး၊ ရင်ထဲနွေးလျက်
မတွေ့ ဘဲလည်း မြင်တတ်တယ်
မနမ်းဘဲလည်း လွမ်းတတ်တယ်
မငြိစွန်းပဲ ခင်တွယ်တယ်။
တမျှော်တငေး၊ အနေဝေးလည်း.....
အတွေးလေးနဲ့  ဆွေးရဲတယ်.....။

မောင်စိန်ဝင်း (ပုတီးကုန်း)

No comments:

Post a Comment