Sunday, January 3, 2010

ကျိုးပျက်ခဲ့ခြင်း

လွှင့်ပစ်ခဲ့တာ မဟုတ်ဘူး...
မြတ်နိုးလွန်းစွာ
မနမ်းရက်လို့
မြေနေရာတစ်ခုမှာ
ပန်ဆင်ဆင့် ပေးခဲ့တာ ။

- မျက်ရည်မကျတာ
ဝမ်းမနည်းလို့ မဟုတ်ဘူး...
စွန့်ခွာရကျိုးနပ်အောင်လို့
မျက်လုံးကို တမင်
ဖိ...မှိတ်...,
ပစ်လိုက်တာ ။

- တကယ်တော့...
စွန့်လွှတ်တယ်ဆိုတာ
တိမ်မယောင်နဲ့ နက်
လွယ်မယောင်နဲ့ ခက်လွန်းတယ်...

အလွမ်း

No comments:

Post a Comment